Edit Content

မိသားစုတာဝန်

Family Responsibility

“စားပီးရင် ချထားလိုက်၊ အမေဆေးလိုက်မယ်၊ အစ်မဆေးလိုက်မယ်” ဆိုတာကြီးနဲ့အများစုက ကြီးပြင်းကြတော့ နိုင်ငံခြားရောက်တဲ့အခါ၊ အချိန်တန်တဲ့အခါ သားယောကျ်ားလေးတွေအရင်ဆုံး ရုန်းကန်ရတာကအိမ်မှုကိစ္စပဲ။ကျနော် နယူးဇီလန်တုန်းက ကီဝီ မိသားစုဆီ (၇) လလောက် Home Stay နေခဲ့ရတယ်။ ရောက်ခါစဆို . . . ဘာမှ မလုပ်တတ်တော့ စိတ်ကျဉ်းကြပ်လိုက်တာ ပြောမနေနဲ့တော့။ နောက်တော့ . . . “လူသားဆန်မှု၊ ယဉ်ကျေးမှု၊ တန်းတူ ညီမျှမှုတွေ” ကို မီးဖိုချောင်မှာ သင်ယူလို့ရတယ်ဆိုတာ သိလိုက်ရတယ်။ အဲ့အိမ်မှာ ယောကျ်ားလေးမို့၊ မိန်းကလေးမို့ မတွက်ဘူး ။ စျေးဝယ်၊ ထမင်းချက်၊ပန်းကန်ဆေးတာတွေကို တစ်လှည့်စီ တာ၀န်ယူကြရတယ် ။ အ၀တ်လျှော်၊ မီးပူတိုက်ကတော့ ကိုယ့်အဝတ်ကိုယ် လျှော်ရတယ် ၊ မီးပူတိုက်ရတယ် ။ အဝတ်စားတွေကို တစ်ပတ်ထက် ပုံ မထားရဘူး ။ အိပ်ယာခင်း၊ ခေါင်းအုံးဖုံး ၊ ဖက်လုံးစွပ်တွေကိုလည်း တစ်ပတ်တခါ၊ မဖြစ်မနေ လျှော်ရတယ်။ ရေချိုးခန်း နဲ့ အိမ်သာ အသုံးပြုပီးတာနဲ့ ပြန်လည် ဆေးကြော သန့်စင်ထားပေးရတယ်။

အိမ်မှု ကိစ္စဆိုတာ အမေတွေနဲ့ ပဲ​သက်ဆိုင်တာ မဟုတ်ပါဘူး။ အိမ်မှာနေတဲ့လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ အိမ်မှုကိစ္စကတဆင့်လူသားဆန်မှု၊ ယဉ်ကျေးမှုနဲ့ တန်းတူ ညီမျှမှုတွေကို ကျွန်တော်တို့ သင်ယူ၊ လေ့ကျင့်လို့ရပါတယ်။

#credit