ချက်ရေးပြုတ်ရေးမှာ အချိန်ကုန်မခံချင်တဲ့ ကျနော်တို့လို့ အိမ်ရှင်းထီးတွေအတွက်တော့ ဒီနည်းက အရမ်းအလုပ်ဖြစ်ပါတယ်။ နောက်တစ်ခု ကောင်းတာက ဒီနည်းအတိုင်း ချက်ပြုတ်ရင် ရေငှဲ့မှာဖြစ်လို့ ထမင်းကြောင့် ကိုယ်အလေးချိန် ဝိတ်တက်တာကိုလည်း ထိန်းပေးနိုင်ပါတယ်။ ထမင်းပေါင်းအိုးနဲ့ပဲ တည်ရတာဖြစ်လို့ အရမ်းလွယ်ကူပါတယ်။
ပထမဆုံး လျှပ်စစ်ရေနွေးအိုးကို လည်ရစ်ထိ ရေဖြည့်ပြီး တည်ထားပါ။ အဲဒီအချိန်မှာ ပေါင်းအိုးထဲ ဆန်ထည့်၊ ဆန်ဆေးပါ။ (အေးဆေးလုပ်ပါ)
.ဆန်ဆေးပြီးရင် ရေကို ဆန်မြုတ်ရုံပဲထည့်ပြီး ပေါင်းအိုးထဲထည့် ထမင်းချက်တဲ့ခလုတ် နှိပ်ပါ။ (ရေနွေး ဆူခါနီးပါပြီ) (အိုးပတ်ချာလည်ကို ရေသုပ်ဖို့ မမေ့နဲ့နော်)
.ထမင်းပေါင်းအိုးထဲက ရေနွေးပြီး ဆူစပြုလာပြီဆိုရင် ရေနွေးအိုးထဲက ဆူပြီးသားရေနွေးကို ဆန်အနဲများပေါ်လိုက်ပြီး ထမင်းအိုးထဲ ဖြည့်ချလိုက်ပါ။ (ရေငှဲ့မှာပါ).
ချက်ခြင်းနီးပါး ထမင်းအိုး ဆူလာပါလိမ့်မယ်။ တစ်ကြိမ် နှစ်ကြိမ် မွှေပေးပါ။ ဝေမကျအောင် အဖုံးနဲ့ အိုးကြားမှာ သစ်သားယောင်းမခံထားလိုက်ပါ။ ဘေဇင်ကို သန့်ရှင်းထားပြီး စတီးစကာ/ပလပ်စတစ်စကာ(အထူ) ကို ထမင်းရည်ငှဲ့ဖို့ အသင့်ထည့်ထားပါ။
(ဒီအဆင့်တွေ တစ်ခုနဲ့တစ်ခုကြားမှာ အချိန်ရတာမို့ ဟင်းချက်ဖို့ လိုအပ်တာတွေကိုပါ တပြိုင်တည်းပြင်ဆင်ဖို့ အချိန်ရပါတယ်)
ဆန်လုံးထဲက အဆံဖြူလေး ပျောက်လုနီးပြီဆိုရင်တော့ ပေါင်းအိုး မီးခလုတ်ပိတ်၊ ထမင်းအိုးကို မ သွားပြီး ဘေဇင်ထဲက ဇကာထဲကို ဝေါကနဲ သွန်ချလိုက်ပါ။
၁ မိနစ်လောက်ဆို ရေလုံးဝစစ်သွားပြီမို့ ထမင်းတွေ အိုးထဲ ပြန်ထည့်ပြီး အိုးပတ်ချာလည်ကို ရေစင်အောင် သုပ်ပြီး ပေါင်းအိုးထဲ ပြန်ထည့်ပါ၊ ပြီးရင်တော့ ထမင်းချက်သလိုမျိုးပဲ ခလုတ်ကို အောက်နှိပ်လိုက်ပါ။
ဒါဆိုရင် ပြီးသွားပါပြီ ဟင်းဆက်ချက်ရင်ချက်၊ ချက်စရာမလိုရင် ထားခဲ့လိုက်ပါ။ ခဏလေးကြာရင် ထောက်ကနဲ ခလုတ်က အလိုလိုတက်သွားပြီး နွှေးတဲ့ အဆင့်ရောက်သွားပါလိမ့်မယ်။
အားလုံးကြာချိန်က ၁၅ မိနစ်လောက်ပဲရှိတယ်နော်။
ကဲ.. ဒါဆိုရင်တော့ ထမင်းတွေက ပေါင်းအိုးနဲ့ ရေခမ်းချက်သလို လုံးထွေးမနေပဲ တစ်လုံးခြင်းစီဖြစ်နေသလို ကစီတွေလည်း ငှဲ့ပစ်တာမို့ ဝိတ်တက်မှာလဲ စိတ်မပူရတော့ပါဘူး။
#Credit from Fb